|
တာလောကြီးကျေးရွာဘက်သို့ တပ်အင်အားထပ်ပို့ |
|
|
|
|
Written by Administrator
|
|
Sunday, 20 May 2012 05:50 |
|
၂၀၁၂ ခုနှစ် မေလ ၂၀ ရက်
ဗမာအစိုးရအနေဖြင့် ဗမာစစ်သားများကို ရှေ့တန်းစစ်မျက်နှာများသို့ တပ်အင်အားများ အဆက်မပြတ်ပို့လွှတ်လျက်ရှိကြောင်းသိရသည်။
ယမန်နေ့ မေလ ၁၉ ရက်နေ့တွင်လည်း စစ်ကား (၇) စီးအပြည့် လက်နက်ခဲယမ်းများနှင့် စစ်သား (၁၀၀) ခန့်ကို တာလောကြီးကျေးရွာသို့ ခတ်ချို ဆိပ်ကမ်းဘက်မှ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ အဆိုပါစစ်သားများကို လိုင်ဇာ အနီးတ၀ိုက်တွင် ထပ်မံ နေရာချ နယ်မြေစိုးမိုးမှု ယူရန် စေလွှတ်ခြင်း ဖြစ်နိုင်ကြောင်း မျက်မြင်တွေ့သူက သုံးသပ်သည်။
တဆက်တည်းမှာပင် ၀ိုင်းမော် အခြေစိုက် ခလရ (၅၈) တပ်ရင်းအတွင်းတွင်လည်း ပုံမှန် မဟုတ်သော လှုပ်ရှားမှုများ သိမြင်နေရကြောင်း အတည်မပြုနိုင်သော သတင်းရင်းမြစ်မှ သိရသည်။ |
|
လဂျားယန်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန် |
|
|
|
|
Written by Administrator
|
|
Friday, 18 May 2012 16:24 |
|
၂၀၁၂ ခုနှစ် မေလ ၁၈ ရက်
စေ့စပ်ဆွေးနွေးပွဲများ ပြုလုပ်မည့် အချိန်မတိုင်မှီ ဗမာအစိုးရစစ်တပ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ထိန်းချုပ်ရာ လိုင်ဇာဒေသအား သိမ်းယူနိုင်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။ ထိုသို့စစ်ဆင်ရာတွင် မြစ်ကြီးနား-ဗန်းမော်လမ်းဆုံ လဂျားယန်ကျေးရွာအနီးသို့ စစ်ကြောင်း နှစ်ကြောင်းဖြင့်လည်းကောင်၊ ပါဂျောင် နာ့ဖေါ့ဒေသတွင်လည်း အင်အားအလုံးအရင်းဖြင့် လည်းကောင်း နေ့ည မပြတ်ထိုးစစ်ဆင်လျက်ရှိသည်။
လက်နက်ကြီးများဖြင့်လည်း အဆက်မပြတ်ပစ်ခတ်ပြီး စခန်းသိမ်း တိုက်ကွက်ဖော်နေသော်လည်း ကချင်လူထုမှ ပေါက်ဖွားလာသော ကေအိုင်အေ တပ်သားများမှ ခုခံတိုက်ခိုက်လျက်ရှိသည်။
ထူးထူးခြားခြား အနေဖြင့် ယခုတိုက်ပွဲတွင် ဓာတုလက်နက်သုံးစွဲသည့် အရိပ်အယောင် မတွေ့ရသေးကြောင်း ရှေ့တန်းစစ် သတင်းရပ်ကွက်မှ သိရသည်။ ဗမာအစိုးရသည် ဓာတုလက်နက်များ အဆက်မပြတ်သုံးစွဲကာ ကေအိုင်အေတပ်သားများအား တိုက်ခိုက်လေ့ရှိသည်။
လက်နက်ကြီးသံများ ကြားနေရပြီး ယနေ့ညနေပိုင်းတွင်ပင် လိုင်ဇာမြို့ပြင် လ၀ါယန်ကျေးရွာတွင် ၁၂၀ မမ များကျရောက်ပေါက်ကွဲခဲ့သည်။
ကချင်လူထုများမှာ လိုင်ဇာကို မသိမ်းပါဟူသည့် ဗမာအစိုးရပေးသည့် ကတိစကားကို ရက်ပေါင်း ၁၀၀ အစာရှောင်ပြသည့်တိုင် မယုံကြည်နိုင်ဟု ပြောဆိုနေကြကြောင်းသိရသည်။ |
|
|
|
|
|
|
|
Page 1 of 11 |